获取下载链接
歌词

作词 : Hein Soe

作曲 : Hein Soe

Babu X - ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ (Money Money Money)

(ရေး/ဆို/တီး - Babu X)

ISRC AUYHA2096908

Verse 1

ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ မကြိုက်တဲ့လူ ရှိရင်ပြော

ငွေထုပ်ကြီးနောက်ကို မလိုက်တဲ့လူ ရှိရင်ပြော

မော်ဒယ် မလေးလှတယ် မခိုက်တဲ့လူ ရှိရင်ပြော

အလကား ဆိုရင် ကံစမ်းမဲ မနှိုက်တဲ့လူ ရှိရင်ပြော

တိုက်နဲ့ ကားနဲ့ နေရတာ မကြိုက်တဲ့လူ ရှိရင်ပြော

နေပူထဲမှာ ရှိုးထုတ်ပြီး မအိုက်တဲ့လူ ရှိရင်ပြော

သောက်သောက် စားစား လုပ်ပြီး မမိုက်တဲ့လူ ရှိရင်ပြော

အမွေပေးဖို့ လာခေါ်တာ မလိုက်တဲ့လူ ရှိရင်ပြော

Hook

ချမ်းသာသမျှ သေရွာကို သယ်လို့ ရရင်

နတ်ပြည်မှာ တိုက်တစ်လုံး ဝယ်လို့ ရရင်

နောင်ဘဝမှာ သုံးဖို့အတွက် ဖယ်လို့ရရင်

သူဌေးသားတွေ အကုန်လုံး အမွေ ရဖို့မမြင်

ပိုက်ဆံတွေ တစ်မလွန်ကို သယ်လို့ရရင်

ငရဲပြည်မှာ လေအေးစက် ဝယ်လို့ရရင်

သုံးဆယ်တစ်ဘုံ အကုန်သုံးဖို့ ဖယ်လို့ရရင်

လောကကြီးမှာ ဘယ်သူမှ အမွေရဖို့မမြင်

Verse 2

ဥစ္စာပေါ ရုပ်ချော မကြိုက်တဲ့လူ ရှိရင်ပြော

ဥစ္စာပေါ ဥစ္စာပေါ ကြိုက်တဲ့လူ ရှိတာပေါ့

ကားအကောင်းစားနှင့် လူနောက် လိုက်တဲ့လူရှိတာပေါ့

ဟုတ်ဟုတ် မဟုတ်ဟုတ် မြှောက်ပြောတာ ခိုက်တဲ့လူ ရှိတာပေါ့

ညဘက်မှာ ဖုန်းပြောရတာ ကြိုက်တဲ့လူရှိတာပေါ့

အဲလို အသံလေးနဲ့ပြော ခိုက်တဲ့လူရှိတာပေါ့

နာမည်ကြီးတဲ့ လူနောက် လိုက်တဲ့လူ ရှိတာပေါ့

ဝက်သားတုတ်ထိုးကို အရမ်း ကြိုက်တဲ့လူ ရှိတာပေါ့

Verse 3

သေချင်တဲ့ကျား တောပြောင်း တစ်ရွာမပြောင်း သူကောင်းမဖြစ်

ငွေတစ်ခုနဲ့ မပြည့်စုံဘူး ငွေမရှိရင်တော့ ခွေးဖြစ်

တိုက်နဲ့ကား ငါ မ မက် ကြံနေတာက သူဌေးအဖြစ်

ပကာသနက ပူလောင်ပေမယ့် ငွေမရှိရင်တော့ စိတ်ညစ်

ငွေရှိဖို့ ငါမလိုဘူး ဂုဏ်ရှိဖို့ပဲ လိုတယ်

ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ဟိုသီချင်းထဲမှာ ဆိုတယ်

ငွေဆိုတာ မမြင်တာကြာလို့ ဖြူလား မဲလား ညိုလား မသိ

သေရွာကို သယ်ဖို့မပြောနဲ့ အခုတောင် သုံးစရာမရှိ

Verse 4

မရှိ မကောင်း ရှိမကောင်း ရှိတဲ့ရည်းစား ဖြတ်ပြစ်

အချစ်မရှိရင် ဘဝက မပြည့်စုံ နောက်တစ်ယောက်ကို ထပ်ချစ်

ပြောင်းလဲပြီး စိတ်သစ် လူသစ် ဘဝကတော့ အသစ်မဖြစ်

အချစ်တစ်ခုနဲ့ ဘဝ ပြည့်စုံအောင် သူဌေးသမီးကို သိပ်ချစ်

သူ့ရည်းစားက ဘေးမှာ ရှိတော့ စိတ်ထဲကနေ ကြိတ်ချစ်

အားနဲ့ အသဲကွဲနေတဲ့ အဆွေးသီချင်းတွေကို ပိတ်ပြစ်

စိတ်ညစ်တော့ အိပ်ယာထဲမှာ ငါ့မျက်စိကို မှိတ်ပြစ်

မနက်ဖြန် မြန်မြန် ရောက်အောင် ဒီညစောစော အိပ်ပြစ်