获取下载链接
歌词

作词 : Ko Htett

作曲 : Ko Htett

လွတ်လပ်တဲ့အတားဆီးမဲ့

ကောင်းကင်ကြီးထဲကိုလွင့်မျှော်သွားရင်

ကြမ်းတမ်းလွန်းတိုးဝှေ့လွန်းတဲ့

ကြောက်ရွံ့ဖွယ်အခက်ခဲများတွင်

ရှင်းမရတဲ့လူ့ဘဝ ရဲ့ပြဿနာ

အမှားနဲ့အမှန် အမှန်နဲ့ အမှားအတွင်း

အငြင်းပွားခဲ့မသိရခဲ့

အစစ်ဟာအတုထက်ပိုသာလွန်းသွားခြင်း

လူတစ်ယောက်ရဲ့ရပ်တည်မှု

အားလုံးကတော့ရည်ရွယ်ချက်က အသက်ရှင်မှု

ထူးထူးခြားခြားပြောင်းလဲမှုတွေမမှတ်မိဘူး

တစ်နေ့တစ်နေ့တော့ရုန်းကန်ရင်းနဲ့

ကြိုးစားနေရတဲ့သက်ရှိတစ်ဦးအဖြစ်

ရောက်လာပြီ ဘဝ ခရီးလမ်းထဲ

လျှောက်လာရင်း ကြမ်းသထက်ကြမ်းတယ်

တစ်ယောက်နဲ့တစ်ယောက်

အမှားမှန်တွေခွဲ ခြားရင်း

လောကကြီးဟာအမုန်းတွေနဲ့

ဆန်းသထက်ဆန်းကျယ်

အဆုံးမရှိ

တသက်လုံးမျက်နှာဖုံးကြီးနဲ့

ဟန်ဆောင်တရားတွေ

အောက်မှာအပြုံးမရှိ

ရိုးသားမှုရှိရှိနဲ့ မင်းဦးနောက်ကို

တကြိမ်တခါလောက်ထုတ်နှုတ်ကသုံးကြည့်

ယဉ်ကျေးမှုရှိစမ်းပါလူပဲ

ခံယူချက်လွဲမှာက အယူလွဲ

နောက်တတွေ တစ်ပွေ့တပိုက်နဲ့

ခဗျားတို့သိတဲ့ ကိုထက်က သူများနဲ့ မတူခဲ့

လွတ်လပ်တဲ့အတားဆီးမဲ့

ကောင်းကင်ကြီးထဲကိုလွင့်မျှော်သွားရင်

ကြမ်းတမ်းလွန်းတိုးဝှေ့လွန်းတဲ့

ကြောက်ရွံ့ဖွယ်အခက်ခဲများတွင်

ရှင်းမရတဲ့လူ့ဘဝ ရဲ့ပြဿနာ

အမှားနဲ့အမှန် အမှန်နဲ့ အမှားအတွင်း

အငြင်းပွားခဲ့မသိရခဲ့

အစစ်ဟာအတုထက်ပိုသာလွန်းသွားခြင်း

အားလုံးကိုငါရုံးထွက်ခဲ့

ငါ့ရဲ့အပြစ်တွေကြားမှာ

လူတွေအပြုံးပျက်ခဲ့ပီ

အဆုံးခဲ့ပြီ

ငါ့ရဲ့လွဲမှားမှုတွေက

ဖြစ်သမျှအားလုံးကိုမျက်လုံးတစ်ဖက်ပဲကြည့်

ပြန်သုံးသပ်ခဲ့မိချိန်

နောက်ကျတာတဲ့အချိန်ကာလ ကြားမှာ

အရာရာအဆုံးသတ်ခဲ့ပြီ

နောက်တစ်ခါဘယ်တော့မှ မဖြစ်စေရဘူး

ငါ့ရဲ့ဘော်ဒါ တချို့လဲ

ငါ့ကိုနှုတ်ဆက်ခဲ့ပြီ

အသက်တွေလဲရလာပြီ

ဒီလိုပူလောင်လွန်းတဲ့ ဘဒ္ဒကမ္ဘာထဲ

ငါသိလိုက်ရတဲ့နောင်တတချို့နဲ့

နိယာမတစ်ချို့ကအက္ခရာမပါခဲ့

သဘာဝကျတဲ့လူ့စိတ်တစ်ချို့က

ရှုပ်ထွေးမှုတွေနဲ့အတက်ကျများတယ်

အားလုံးကိုပြုပြင်လို့

အမှားတွေအားလုံးကိုငါ တာ့တာပြခဲ့ပြီ

လွတ်လပ်တဲ့အတားဆီးမဲ့

ကောင်းကင်ကြီးထဲကိုလွင့်မျှော်သွားရင်

ကြမ်းတမ်းလွန်းတိုးဝှေ့လွန်းတဲ့

ကြောက်ရွံ့ဖွယ်အခက်ခဲများတွင်

ရှင်းမရတဲ့လူ့ဘဝ ရဲ့ပြဿနာ

အမှားနဲ့အမှန် အမှန်နဲ့ အမှားအတွင်း

အငြင်းပွားခဲ့မသိရခဲ့

အစစ်ဟာအတုထက်ပိုသာလွန်းသွားခြင်း

လိမ်ညာလှည့်ကွက်တွေနဲ့အတူ

ရှင်သန်နေရ

တစ်ချိန်မှာ စွန့်လွှတ်ဖို့ပြင်ဆင်ရင်း

.

.

ဟေ့

.

.

ဟေး

လွတ်လပ်တဲ့အတားဆီးမဲ့

ကောင်းကင်ကြီးထဲကိုလွင့်မျှော်သွားရင်း (ငါမျှော်သွားရင်း)

ကြမ်းတမ်းလွန်းတိုးဝှေ့လွန်းတဲ့

ကြောက်ရွံ့ဖွယ်အခက်ခဲများတွင်

ရှင်းမရတဲ့လူ့ဘဝ ရဲ့ပြဿနာ

အမှားနဲ့အမှန် အမှန်နဲ့ အမှားအတွင်း

အငြင်းပွားခဲ့မသိရခဲ့

အစစ်ဟာအတုထက်ပိုသာလွန်းသွားခြင်း